
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၂၇-၈-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းကမ်းပါးပြိုကျမှုဘေးမှ ကြိုတင်ကာကွယ်ရန်အတွက် ကျသောင်းတောင်ကျေးရွာအုပ်စု၊ ကျေးတန်းကူးကျေးရွာနေ ကြိုတင်ပြောင်းရွှေ့လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀,၀၀ဝ) ကျပ်၊ ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄,၂၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၀၄,၂၀ဝ) ကျပ်တို့အား (၁-၉-၂၀၂၀) ရက်နေ့ (၀၉:၄၅) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#npw_sep2020