လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ (၂-၉-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကန့်ဘလူမြို့နယ်၊ တင်ကုတ်ကြီးကျေးရွာအုပ်စု၊ တင်ကုတ်ကြီးကျေးရွာ၊ ညောင်သွယ်ကျေးရွာ၊ ချဉ်မြစ်ကျဉ်းကျေးရွာအုပ်စု၊ ချဉ်မြစ်ကျဉ်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ မြောက်စုကျေးရွာ၊ ထန်းကုန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာများရှိ မိဘပြည်သူများအား COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_sep2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)