Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်နှင့်သာစည်မြို့နယ်အတွင်းရှိကျေးရွာ အုပ်စုများအောက်ရှိ ကျေးရွာများသို့ Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း‌ မပေါ်ပေါက် စေရေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုမှ လိုက်နာဆောင်ရွက်စေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုံ့ဆော်ခြင်း၊ ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mdy_sep2020

Sign Up

Upcoming Events