လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID.19ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းအား (၂.၉.၂၀၂၀)ရက်နေ့တွင် ဝါးရုံသာကျေးရွာ၊ အင်ကုန်းကျေးရွာ၊ အင်းပေါက်ကျေးရွာ၊ လက်ပံကျေးရွာ၊ ရွှေလင်းတကျေးရွာစသည့်ကျေးရွာတို့တွင် အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_sep2020
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)