Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် ​ မြင်း​ခြံမြို့နယ်အတွင်းရှိ အမှတ်(၃၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)နှင့် နတ်ထားကျေးရွာ၊ ကျောက်ရန်ကျေးရွာများသို့ လှည့်လည်ပြီး Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်​​ပြင်ဆင်​ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးနှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်​​​ဖြန့်ဝေခြင်းနှင့် ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#mdy_sep2020

Source:                         မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events