IDPs စခန်းများ၌ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၉.၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) ၅ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံး အိမ်ထောင်စု(၅၆)၊ လူဦးရေ(၂၆၅)၊ မုံးစီးကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု(၂၃)၊ လူဦးရေ(၁၅၇)၊မုံးစီးပန်ယန်ခါး အိမ်ထောင်စု(၄၅)၊ လူဦးရေ(၃၁၉) စုစုပေါင်းအိမ်ထောင်စု(၁၂၄)၊ လူဦးရေ(၇၃၉) ဦးအတွက် စခန်းတစ်ခုလျှင်ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင်ဆပ်ပြာ(၁)တောင့်​နှုန်းဖြင့် ​စုစုပေါင်းထုံး (၃၀)အိတ်၊ လက်ဆေးဆပ်ပြာ(၇၃၉)တောင့် ဖြင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#shn_sep2020

Source:                         ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events