ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၌ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာ အုပ်စု၊ ပြည်တော်သာကျေးရွာ ကဿဝင်ရွာမကျေးရွာနှင့် ဝေယံကျွန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ နေအိမ်(၁၄)လုံး၊ အိမ်ထောင်စု(၁၄)စုမှ လူဦးရေ(၆၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၃၀၂၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၅၃၀၂၀၀/-)ကျပ်အား (၂-၉-၂၀၂၀)ရက်နေ့၊ (၁၃၃၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#ayy_aug2020

Sign Up

Upcoming Events