Author Archives: Department of Disaster Management
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တင်းမြို့နယ်၊ လှေကြပ်ကုန်းကျေးရွာအုပ်စု၊ လိန်ကွင်းကျေးရွာတွင် (၇-၃-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၂)လုံးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်ခြေ (ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ထရံကာ) (၁)လုံးအတွက် (၅၀၀၀၀)ကျပ်၊ (သွပ်မိုး၊ပျဉ်ကာ) (၁)လုံးအတွက် (၁၀၀၀၀၀)ကျပ်နှင့် လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၅၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၅၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး နှင့်Family Kits တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၈-၃-၂၀၁၇)ရက်နေ့တွင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မွန်ပြည်နယ်၊ သထုံခရိုင်ရှိ မီးဘေးသင့်ပြည်သူများအတွက် သွားရောက်ထောက်ပံ့မှုသတင်း
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာ၊ သာယာကုန်းပိုင်းတွင် (၁၂-၃-၂၀၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးဘေးသင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ Family Kit (၂၀)မျိုးပါ တစ်ထုပ်၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ဖိုးငွေ (၅၁၈၀၀)ကျပ်တို့အား (၁၃-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိဖို့အမျိုးသမီးများရဲ့ကဏ္ဍပါဝင်မှု အရေးကြီး
နေပြည်တော်၊၁၁ မတ်လ၂၀၁၇ အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်ရန်ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ ပြည်သူအားလုံးလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ဆက်စပ်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်ဖို့ ပိုမိုလိုအပ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့က ထုတ်ပြန်ထားသည့် လေ့လာမှုစစ်တမ်းအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုလျစ်လျူရှုခြင်းသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်း ရေးပန်းတိုင်ကို လျော့ပါးထိခိုက်စေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးရေးရာ ကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ယနေ့နံနက်ပိုင်းက နေပြည်တော် The Lake Garden Hotel တွင်ကျင်းပပြုလုပ်သည့် … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ ဇလွန်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ရေပေါက်ပြီးကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးပွဲအား (၁၀-၃-၂၀၁၇)ရက်နေ့ ကပြုလုပ်ခဲ့ရာ အဆိုပါ ဆွေးနွေးပွဲသို့ ကျေးရွာနေ ပြည်သူ (၁၂၄)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး Department for International Development မှ Humanitarian Adviser ဖြစ်သူ Mr. Ashley Sarangi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း
နေပြည်တော်၊ မတ်လ (၁၀) ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မွန်းလွဲ (၁၃: ၀၀) နာရီအချိန်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး၊ Department for International Development မှ Humanitarian Adviser ဖြစ်သူ Mr. Ashley Sarangiနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြန်လည်ထူထောင်နိုင်စွမ်း ထောက်ပံ့မှုအစီအစဉ် (Humanitarian Assistance and Resilience Programme) မှ … Read more
-
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာတွင် (၆-၃-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု(၂)စုစာ ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ်နှင့် လူဦးရေ(၁၅)ဦးအတွက် (၃)ရက်စာ ဆန်ဖိုးငွေ (၁၃၅၀၀)ကျပ်တို့အား (၈-၃-၂၀၁၇) ရက်နေ့က အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးထောက်ပံ့မှုသတင်း
(၈ – ၃- ၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တော ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၇ – ၂ – ၂၀၁၇) ရက်နေ့၌ မီးဘေးသင့်ဖြစ်ပွားခဲ့ရာ မောင်တောမြို့နယ်၊ ဖားဝပ်ကျေးရွာရှိ အိမ်ထောင်စု (၂) စုနှင့် ဘုန်းကြီးကျောင်းဆောင် (၁) ဆောင်တို့အတွက် အိမ်ထောင်စု (၂) စု စာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ မီးဘေးသင့် … Read more
-
လားရှိုးမြို့၊ မန်ဆူဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၆-၃-၂၀၁၇) ရက်နေ့တွင် လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လောက်ကိုင်မြို့၌ ဖြစ်ပွားသော စစ်ပွဲကြောင့် လားရှိုးမြို့၊ မန်ဆူဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ (၁၁၅၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂,၄၃၃,၉၀၀) ကျပ်၊ ဆီဖိုးထောက်ပံ့ငွေ (၄၆၄,၀၀၀) ကျပ်နှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ (၂၇၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၇၆၃၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် တိုက်ပွဲရှောင်ပြည်သူများထဲမှ ပြည်သူ (၄၀၀) ဦးအား ကား (၁၀) စီးဖြင့် မန္တလေးသို့ ပို့ဆောင်ပေးခဲ့ပြီး … Read more
-
သေဆုံးထောက်ပံ့ပေးမှုသတင်း
Source; ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) (၇-၃-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဗန်းမော်မြို့၊ သီရိရပ်ကွက်၌ မြေပြိုသေဆုံးသူ (၁) ဦးနှင့် မံစီမြို့နယ်၊ တောင်းလိန်ကျေးရွာ တွင် မိုင်းထိသေဆုံးသူ (၂) ဦး၊ စုစုပေါင်း သေဆုံးသူ (၃) ဦးအတွက် တစ်ဦးလျှင် (၁) သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း (၃၀၀၀၀၀) ကျပ်အား ကျန်ရစ်သူ မိသားစုများထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရွှေကူရပ်ကွက်၊ ရွှေဟင်္သာကျွန်းကျေးရွာတွင် (၇-၃-၂၀၁၇) ရက်နေ့က သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ရာ ကျေးရွာသူ/ကျေးရွာသား (၁၀၇) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
