

(၆-၃-၂၀၁၇) ရက်နေ့တွင် လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လောက်ကိုင်မြို့၌ ဖြစ်ပွားသော စစ်ပွဲကြောင့် လားရှိုးမြို့၊ မန်ဆူဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ (၁၁၅၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂,၄၃၃,၉၀၀) ကျပ်၊ ဆီဖိုးထောက်ပံ့ငွေ (၄၆၄,၀၀၀) ကျပ်နှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ (၂၇၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၇၆၃၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် တိုက်ပွဲရှောင်ပြည်သူများထဲမှ ပြည်သူ (၄၀၀) ဦးအား ကား (၁၀) စီးဖြင့် မန္တလေးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ပြည်သူများအား မိမိတို့နေရပ်များသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)