မီးဘေးထောက်ပံ့မှုသတင်း

(၈ – ၃- ၂၀၁၇) ရက်နေ့တွင်  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တော ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည်  (၂၇ – ၂ – ၂၀၁၇) ရက်နေ့၌ မီးဘေးသင့်ဖြစ်ပွားခဲ့ရာ မောင်တောမြို့နယ်၊ ဖားဝပ်ကျေးရွာရှိ အိမ်ထောင်စု (၂) စုနှင့် ဘုန်းကြီးကျောင်းဆောင် (၁) ဆောင်တို့အတွက်  အိမ်ထောင်စု (၂) စု စာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ မီးဘေးသင့် ပြည်သူ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၁၄,၄၀၀) ကျပ်၊ မီးဘေးသင့် ဘုန်းကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်နှင့်  သင်္ကန်းဒွိစုံ (၁) စုံအား သွားရောက်လှူဒါန်း ပေးအပ်ခဲ့ပါသည်။

ထို့နောက် (၂၈ – ၂ – ၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ဖြစ်ပွားခဲ့သော မောင်တောမြို့နယ်၊ လောင်းဘုတ်ကျေးရွာတွင် အိမ်ထောင်စု (၇) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး (၃၅၀,၀၀၀) ကျပ်နှင့် မီးဘေးသင့်ပြည်သူ (၇၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၆၅,၇၀၀) ကျပ် တို့အား မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ရာ စုစုပေါင်း ထောက်ပံ့ငွေမှာ (၉၃,၁၉၀၀) ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events