နေပြည်တော်၊ မတ်လ (၁၀) ရက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မွန်းလွဲ (၁၃: ၀၀) နာရီအချိန်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး၊ Department for International Development မှ Humanitarian Adviser ဖြစ်သူ Mr. Ashley Sarangiနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြန်လည်ထူထောင်နိုင်စွမ်း ထောက်ပံ့မှုအစီအစဉ် (Humanitarian Assistance and Resilience Programme) မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Ms. Moira Reddick တို့က လာရောက် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်များ၊ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ချက် များနှင့် ရခိုင်ပြည်နယ်အတွက် ဘေးဒဏ်ခံနိုင်ရည်ရှိစေရန် ကြိုတင်ပြင်ဆင်ရေးနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်တို့ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။