Source; ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
(၇-၃-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဗန်းမော်မြို့၊ သီရိရပ်ကွက်၌ မြေပြိုသေဆုံးသူ (၁) ဦးနှင့် မံစီမြို့နယ်၊ တောင်းလိန်ကျေးရွာ တွင် မိုင်းထိသေဆုံးသူ (၂) ဦး၊ စုစုပေါင်း သေဆုံးသူ (၃) ဦးအတွက် တစ်ဦးလျှင် (၁) သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း (၃၀၀၀၀၀) ကျပ်အား ကျန်ရစ်သူ မိသားစုများထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။