ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာတွင် (၆-၃-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု(၂)စုစာ ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ်နှင့် လူဦးရေ(၁၅)ဦးအတွက် (၃)ရက်စာ ဆန်ဖိုးငွေ (၁၃၅၀၀)ကျပ်တို့အား (၈-၃-၂၀၁၇) ရက်နေ့က အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။