ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တင်းမြို့နယ်၊ လှေကြပ်ကုန်းကျေးရွာအုပ်စု၊ လိန်ကွင်းကျေးရွာတွင် (၇-၃-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၂)လုံးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်ခြေ (ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ထရံကာ) (၁)လုံးအတွက် (၅၀၀၀၀)ကျပ်၊ (သွပ်မိုး၊ပျဉ်ကာ) (၁)လုံးအတွက် (၁၀၀၀၀၀)ကျပ်နှင့် လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၅၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၅၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး နှင့်Family Kits တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၈-၃-၂၀၁၇)ရက်နေ့တွင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events