Author Archives: Department of Disaster Management

  • မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်း လေပြင်းဒဏ်ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကတိုးကျေးရွာ၊ တအုံကျေးရွာ၊ ဆောက်အင်းကျေးရွာ၊ ဒေါင့်ကြီးကွေ့ကျေးရွာများအတွင်းရှိ အိမ်ခြေများအား လေပြင်းဒဏ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းကြည့်ရှုခြင်း၊ ပြုပြင်ရန်လိုအပ်သည့်အိမ်များအား တောင်တင်းခိုင်မာစေရန်ပြုပြင် ဆောင်ရွက်ပေးခြင်းများကို ချမ်းမြသုခလူမှုကွန်ယက်အသင်း၊ ရပ်ရွာအတွင်းပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်စာစောင်များ၊ လေဘေးကြိုတင် ကာကွယ်ရေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

  • ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ရေလဲအောက်စုကျေးရွာတွင် (၂၂-၃-၂၀၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော အိမ်ခြေ (၄)လုံး၊ အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၅)ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ (၃)ရက်စာ (၁၃၅၀၀)ကျပ်နှင့် အိမ်ခြေ (၄)လုံးစာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀၀၀၀)ကျပ် စုစုပေါင်း (၃၆၃၅၀၀)ကျပ်အား (၂၃-၃-၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ပြည်သူ့လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၂-၃-၂၀၁၇) ရက်နေ့၊ နံနက် (၁ဝး၃၀) အချိန်တွင် ကလောမြို့နယ် ဘော်ဆိုင်းအုပ်စု၊ သဲကုန်းကျေးရွာနှင့် မွန်းလွဲ (၁း၃၀) အချိန်တွင် ကျောက်ထပ်အုပ်စု၊ ကျောက်ထပ်ကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲများသို့ ကျေးရွာသူ/သား စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မီးဘေးထောက်ပံ့မှုသတင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ မင်းဘူးလမ်းတွင် (၁၈-၃-၂၀၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၂)လုံးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်ခြေ (၂)လုံးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသွားရောက်ထောက်ပံ့ခဲ့ရာ သွပ်မိုးတိုက်ခံ လူနေအိမ် (၁)လုံးအတွက် (၂၀၀၀၀၀)ကျပ်၊ သွပ်မိုးပျဉ်ထောင် လူနေအိမ် (၁)လုံးအတွက် (၁၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၂)စုရှိလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၆၃၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၃၀၆၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပါ (၂)ပုံးနှင့် Family Kits … Read more

  • ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကျောသာကျေးရွာအုပ်စုရှိ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကျောသာကျေးရွာအုပ်စု၊ ကောက်ပုံကွင်းကျေးရွာ၌ (၂၀-၃-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်ခြေ(၁)လုံး ပြိုလဲပျက်စီးခဲ့ပါသည်။ အဆိုပါအိမ်ထောင်စုအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီး မှူးရုံးမှ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာ (၅၄၀၀)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပါ (၁)ပုံး တို့အား (၂၂-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၌ “DAN Mobile Application Software ရယူအသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ”ကို (၂၀-၃-၂၀၁၇) နေ့ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြေပွဲသို့ စံရွေးနယ်မြေရဲစခန်းမှူးအဖွဲ့နှင့် ကျေးရွာနေပြည်သူ (၁၁၁)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းကို (၂၀-၃-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူ စုစုပေါင်း (၃၀) ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၀-၃-၂၀၁၇) မှ (၂၂-၃-၂၀၁၇) ထိသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သောက်ရေသန့်ဆေးထုပ်များ ထောက်ပံ့မှုသတင်း

    (၂၀-၃-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ချောင်းဆုံကြီးကျေးရွာအုပ်စုရှိ ငါးလင်းစေ့ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဦးကျော်ဆွေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ယမားရေလှောင်တမံအောက်ဖက်တွင် တည်ရှိသော ငါးလင်းစေ့နှင့် ပေါက်ရင်းကျေးရွာတို့သည် ဆည်အောက်ပိုင်းနှင့်နီးကပ်စွာတည်ရှိခြင်း၊ တမံရေစိမ့်မှုဒဏ်ခံနေရခြင်းတို့ကြောင့် ရေကောင်းရေသန့်မရရှိပဲ ဌက်ဖျားရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါများ ဖြစ်ပွားမှုတို့ကြောင့်   သဘာဝဘေးအန္တရာယ်ကျရောက်နေသောကျေးရွာ(၂)ရွာအား  ပြောင်းရွှေ့နေရာချထားပေးနိုင်ရေး ဆောင်ရွက်ရန် ရှိပါသဖြင့် ပြောင်းရွှေ့မှုမပြုသေးမီ သောက်သုံးရေများသန့်ရှင်းစင်ကြယ်စေရေးအတွက် ရေသန့်ဆေးထုပ်(၁၀၀၀၀)ထုပ်(ခန့်မှန်းတန်ဖိုး သိန်း(၈၀)ခန့်)အားသောက်ရေသန့်ဆေးပြားအသုံးပြုနည်းများ ရှင်းလင်းပြောကြား၍ သဘာဝဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more

  • ဧရာဝတီတိုင်းဒေသကြီးရုံးစီးမှူးရုံးမှ သင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ကြိုတင်သတိပေး (မွမ်းမံ) သင်တန်းအား (၂၀-၃-၂၀၁၇) ရက်နေ့မှ (၂၁-၃-၂၀၁၇) ရက်နေ့ အထိ ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲ၌ ဧရာ၀တီတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ငရုတ်ကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ရှိ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ငရုတ်ကောင်းမြို့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဝင်များ(၅)ဦး၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့၏ စီမံချက်ကျေးရွာများမှ သင်တန်းသား/သူ(၄၀)ဦး၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့မှ တာ၀န်ရှိ … Read more

Sign Up

Upcoming Events