ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ရေလဲအောက်စုကျေးရွာတွင် (၂၂-၃-၂၀၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော အိမ်ခြေ (၄)လုံး၊ အိမ်ထောင်စု (၄)စုမှ လူဦးရေ (၁၅)ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာ (၃)ရက်စာ (၁၃၅၀၀)ကျပ်နှင့် အိမ်ခြေ (၄)လုံးစာ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀၀၀၀)ကျပ် စုစုပေါင်း (၃၆၃၅၀၀)ကျပ်အား (၂၃-၃-၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ပြည်သူ့လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events