ဧရာဝတီတိုင်းဒေသကြီးရုံးစီးမှူးရုံးမှ သင်တန်းဖွင့်လှစ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ကြိုတင်သတိပေး (မွမ်းမံ) သင်တန်းအား (၂၀-၃-၂၀၁၇) ရက်နေ့မှ (၂၁-၃-၂၀၁၇) ရက်နေ့ အထိ ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲ၌ ဧရာ၀တီတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ငရုတ်ကောင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ရှိ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ငရုတ်ကောင်းမြို့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဝင်များ(၅)ဦး၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့၏ စီမံချက်ကျေးရွာများမှ သင်တန်းသား/သူ(၄၀)ဦး၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့မှ တာ၀န်ရှိ သူများ(၅)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် အဆိုပါသင်တန်းအား နောက်ထပ်(၂) ကြိမ် တစ်ဆက်တည်းဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events