ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ မင်းဘူးလမ်းတွင် (၁၈-၃-၂၀၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၂)လုံးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်ခြေ (၂)လုံးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသွားရောက်ထောက်ပံ့ခဲ့ရာ သွပ်မိုးတိုက်ခံ လူနေအိမ် (၁)လုံးအတွက် (၂၀၀၀၀၀)ကျပ်၊ သွပ်မိုးပျဉ်ထောင် လူနေအိမ် (၁)လုံးအတွက် (၁၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၂)စုရှိလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၆၃၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၃၀၆၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပါ (၂)ပုံးနှင့် Family Kits (ပလပ်စတစ်ပုံးအပါ) (၂)ပုံးတို့ကို (၂၁-၃-၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။