ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းကို (၂၀-၃-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူ စုစုပေါင်း (၃၀) ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၀-၃-၂၀၁၇) မှ (၂၂-၃-၂၀၁၇) ထိသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)