သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း

23 pic 01 ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၂-၃-၂၀၁၇) ရက်နေ့၊ နံနက် (၁ဝး၃၀) အချိန်တွင် ကလောမြို့နယ် ဘော်ဆိုင်းအုပ်စု၊ သဲကုန်းကျေးရွာနှင့် မွန်းလွဲ (၁း၃၀) အချိန်တွင် ကျောက်ထပ်အုပ်စု၊ ကျောက်ထပ်ကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲများသို့ ကျေးရွာသူ/သား စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events