မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်း လေပြင်းဒဏ်ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ပေးမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကတိုးကျေးရွာ၊ တအုံကျေးရွာ၊ ဆောက်အင်းကျေးရွာ၊ ဒေါင့်ကြီးကွေ့ကျေးရွာများအတွင်းရှိ အိမ်ခြေများအား လေပြင်းဒဏ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းကြည့်ရှုခြင်း၊ ပြုပြင်ရန်လိုအပ်သည့်အိမ်များအား တောင်တင်းခိုင်မာစေရန်ပြုပြင် ဆောင်ရွက်ပေးခြင်းများကို ချမ်းမြသုခလူမှုကွန်ယက်အသင်း၊ ရပ်ရွာအတွင်းပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်စာစောင်များ၊ လေဘေးကြိုတင် ကာကွယ်ရေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events