(၂၀-၃-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ချောင်းဆုံကြီးကျေးရွာအုပ်စုရှိ ငါးလင်းစေ့ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဦးကျော်ဆွေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ယမားရေလှောင်တမံအောက်ဖက်တွင် တည်ရှိသော ငါးလင်းစေ့နှင့် ပေါက်ရင်းကျေးရွာတို့သည် ဆည်အောက်ပိုင်းနှင့်နီးကပ်စွာတည်ရှိခြင်း၊ တမံရေစိမ့်မှုဒဏ်ခံနေရခြင်းတို့ကြောင့် ရေကောင်းရေသန့်မရရှိပဲ ဌက်ဖျားရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါများ ဖြစ်ပွားမှုတို့ကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်နေသောကျေးရွာ(၂)ရွာအား ပြောင်းရွှေ့နေရာချထားပေးနိုင်ရေး ဆောင်ရွက်ရန် ရှိပါသဖြင့် ပြောင်းရွှေ့မှုမပြုသေးမီ သောက်သုံးရေများသန့်ရှင်းစင်ကြယ်စေရေးအတွက် ရေသန့်ဆေးထုပ်(၁၀၀၀၀)ထုပ်(ခန့်မှန်းတန်ဖိုး သိန်း(၈၀)ခန့်)အားသောက်ရေသန့်ဆေးပြားအသုံးပြုနည်းများ ရှင်းလင်းပြောကြား၍ သဘာဝဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက်(၁၀၀)အလွန် ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/ လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Mobile Application အား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများ၏ လက်ကိုင်ဖုန်းများ၌ DAN Mobile Application အား ထည့်သွင်းပေးခဲ့ပြီး ကျေးရွာအုပ်စုတွင်ပါဝင်သည့် ကျေးရွာများရှိ လူစည်ကားသည့် နေရာများ၌ DAN Mobile Application Sticker များ ထားရှိနိုင်ရေးအတွက် DAN Mobile Application Sticker များအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများထံသို့ ဖြန့်ဝေပေးခဲ့ပါသည်၊၊