Author Archives: Department of Disaster Management

  • ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မာန်အောင်မြို့နယ်ရှိ မာရသာမုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအား သွားရောက်ထောက်ပံ့ခဲ့ရာ အမိုးလန်သွားသော ဘုန်းကြီးကျောင်းများအတွက် သွပ်အချပ် (၄၄)ချပ်ကိုလည်းကောင်း၊ အိမ်ခြေ (၁၂)လုံးမှ အိမ်ထောင်စု (၁၂)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀၀၀၀၀)ကျပ်တို့ကိုလည်းကောင်း (၁၉-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပြည်ခရိုင်၊ အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်များရှိ လေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှုသတင်း

    ပြည်ခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကိုင်းကလေးကျေးရွာ၊ အိုင်ညိုကျေးရွာ၊ မုက္ကတန်ကျေးရွာနှင့် ရှမ်းကျေးရွာများတွင် (၁၄-၄-၂၀၁၇) ရက်နေ့နှင့် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာတွင် (၁၅-၄-၂၀၁၇)ရက်နေ့က  လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် အုတ်ဖိုမြို့နယ်ရှိ ပြိုလဲနေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကိုလည်းကောင်း၊ အမိုးလန်နေအိမ် (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၃၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်ကိုလည်းကောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၇)ရက်နေ့တွင် … Read more

  • ရခိုင်ပြည်နယ်၊ ငပလီမြို့နယ်မှ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငပလီမြို့နယ်၊ ဂေါ့ရပ်ကွက်နှင့် စပါးကြီးရပ်ကွက်မှ မာရသာမုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအား (၁၉-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ရာ အိမ်ထောင်စု (၂၀)စုစာ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်သိန်း (၂၀)ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး လေပြင်းဘေးသတိပေး လက်ကမ်း စာစောင် များဖြန့်ဝေခြင်းနှင့် လေပြင်းဘေး အသိပညာပေး ဟောပြောမှုများကို လည်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ခဲ့ရာ အိမ်ခြေ (၄၆)လုံး၊ ဘာသာရေးအဆောက်အဦ (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၄၉၀၀၀၀၀)ကျပ်ကို လည်းကောင်း၊ အိမ်ထောင်စု (၅၁)စုမှ လူဦးရေ (၂၂၄)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် ဆန်ရိက္ခာဖိုး (၄၇၀၄၀၀)ကျပ်ကိုလည်းကောင်း၊ ဒဏ်ရာရသူ (၃)ဦးအတွက် (၁၅၀၀၀၀) ကျပ်ကိုလည်းကောင်း ၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၅၂၀၄၀၀)ကျပ်အား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာဗွီနိုင်းပိုစတာများစိုက်ထူမှု သတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဘူတာရုံရှေ့၌ (၁၉-၄-၂၀၁၇)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်သူများသို့ပန်ကြား ချက်ဖြစ်သည့် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ဆောင်ရန်/ရှောင်ရန် အချက်များပါဝင်သော ဗွီနိုင်းပိုစတာကို  စိုက်ထူပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇)ရက်နေ့တွင်ဖြစ်ပွားခဲ့သော မာရသာမုန်တိုင်းကြောင့် တောင်ကုတ်မြို့နယ်၊ ပြင်ကြီးကျေးရွာ ဘုန်းကြီးကျောင်း အမိုးလန်အတွက် သွပ်အချပ် (၂ဝ)ချပ်အားလည်းကောင်း၊ တောင်ကုတ်မြို့နယ်အတွင်းရှိ တောင်ရင်ကျေး၊ နတ်ကန်ကျေးရွာ၊ ကံဆိပ်တောင်ကျေးရွာတို့တွင် အမိုးလန်နေအိမ် စုစုပေါင်းနေအိမ် (၇)လုံးစာအတွက် ထောက်ပံ့ငွေကျပ် (၇ဝဝ,ဝဝဝ)အားလည်းကောင်း (၁၈-၄-၂၀၁၇) ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းကျေးရွာအုပ်စု၊ ယင်းမူကုန်းကျေးရွာ၊ တဲတန်းကျေးရွာနှင့် ကုန်းတန်းကျေးရွာတို့တွင် (၁၇-၄-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခက်မှုကြောင့် ပြိုလဲလူနေအိမ်(၄) လုံးအတွက် (၁)လုံးလျှင် (၁ဝဝ,ဝဝဝ) နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၄၀၀,၀၀၀)အားလည်းကောင်း၊ ထိုပြိုလဲလူနေအိမ် (၄) လုံးရှိ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၃,၁၀၀)ကျပ်အားလည်းကောင်း၊ အမိုးလန်နေအိမ်(၆)လုံးအတွက် (၁)လုံးလျှင် (၅ဝ,ဝဝဝ)ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀)ကျပ်အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂၃,၁၀၀) ကျပ်အား (၁၈-၄-၂၀၁၇)ရက်နေတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • မြန်မာနိုင်ငံအနှံ့အပြား မိုးရွာသွန်းမှုများပြားနိုင်သည့်အခြေအနေနှင့် ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များအားအသိပေးနှိုးဆော်ခြင်း

    ၁။         လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနသည် ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ၏ (JAXA Realtime Rainfall Watch) ၀က်ဘ်ဆိုက်၌ လေ့လာချက်အရမြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ ၀င်ရောက်ပျက်ပြယ်သွားပြီဖြစ်သော အပူပိုင်းမုန်တိုင်းမာရသာ (Marrutha) ၏ အရှိန်ကြောင့် နောက်(၇၂)နာရီအတွင်းမြန်မာနိုင်ငံမြောက်ပိုင်း/အရှေ့မြောက်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုပမာဏမှာတစ်နာရီလျှင်(၀.၁)မီလီမီတာမှ (၂)မီလီမီတာအတွင်းရှိနိုင်ကြောင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုပမာဏမှာတစ်နာရီလျှင်(၁၀)မီလီမီတာမှ (၃၀)မီလီမီတာအတွင်းရှိနိုင်ကြောင်းတွေ့ရှိရပါသည်။ မိုးရွာသွန်းမှုများများပြားခြင်းကြောင့်ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းဖြစ်ပေါ်နိုင်သဖြင့်ပြည်သူများအနေဖြင့် အောက်ပါတို့အား အလေးထားဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်- (က)      သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသောမိုးလေဝသသတင်းများကိုစဥ်ဆက် မပြတ် နားထောင်ပြီး အကြံပြုချက်များကိုလိုက်နာပါ၊အခြားသူများကိုလည်းမျှဝေပါ၊ (ခ)       အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတန်းများကိုမိမိနှင့် အတူထားရှိပါ၊ (ဂ)       မိသားစုဝင်များကွဲကွာသွားပါကပြန်လည်ဆက်သွယ်ရန် … Read more

Sign Up

Upcoming Events