ပြည်ခရိုင်၊ အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်များရှိ လေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့မှုသတင်း

ပြည်ခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကိုင်းကလေးကျေးရွာ၊ အိုင်ညိုကျေးရွာ၊ မုက္ကတန်ကျေးရွာနှင့် ရှမ်းကျေးရွာများတွင် (၁၄-၄-၂၀၁၇) ရက်နေ့နှင့် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာတွင် (၁၅-၄-၂၀၁၇)ရက်နေ့က  လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် အုတ်ဖိုမြို့နယ်ရှိ ပြိုလဲနေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးကိုလည်းကောင်း၊ အမိုးလန်နေအိမ် (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၃၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်ကိုလည်းကောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events