ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ လေဘေးသင့်ပြည်သူမျာအားထောက်ပံ့မှုသတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မန်ဒေါင်ကျေးရွာအုပ်စုတွင် (၂-၄-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး နှင့်ပြည်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လေဘေးသင့် အိမ်ခြေ (၃၉) လုံး၊ အိမ်ထောင်စု (၃၉) စုစာအတွက် MEC (၇) ပေ သွပ် (၇၁၁) ချပ် ၊  (၃၂) မျိုးပါ Relief Kit (၃၉) ဖာ၊ လူဦးရေ (၂၁၀) ဦးအတွက် ဆန်ဖိုး( ၇ ) ရက်စာ (၄၄၁၀၀၀)ကျပ် နှင့်  အိမ်ဆောက်ပစ္စည်းဖိုး (၃၉၀၀၀၀၀)ကျပ်တို့အား (၁၈-၄-၂၀၁၇) ရက်နေ့တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events