ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

18 Pic_01

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းကျေးရွာအုပ်စု၊ ယင်းမူကုန်းကျေးရွာ၊ တဲတန်းကျေးရွာနှင့် ကုန်းတန်းကျေးရွာတို့တွင် (၁၇-၄-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခက်မှုကြောင့် ပြိုလဲလူနေအိမ်(၄) လုံးအတွက် (၁)လုံးလျှင် (၁ဝဝ,ဝဝဝ) နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၄၀၀,၀၀၀)အားလည်းကောင်း၊ ထိုပြိုလဲလူနေအိမ် (၄) လုံးရှိ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၃,၁၀၀)ကျပ်အားလည်းကောင်း၊ အမိုးလန်နေအိမ်(၆)လုံးအတွက် (၁)လုံးလျှင် (၅ဝ,ဝဝဝ)ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀)ကျပ်အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂၃,၁၀၀) ကျပ်အား (၁၈-၄-၂၀၁၇)ရက်နေတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events