ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မာန်အောင်မြို့နယ်ရှိ မာရသာမုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအား သွားရောက်ထောက်ပံ့ခဲ့ရာ အမိုးလန်သွားသော ဘုန်းကြီးကျောင်းများအတွက် သွပ်အချပ် (၄၄)ချပ်ကိုလည်းကောင်း၊ အိမ်ခြေ (၁၂)လုံးမှ အိမ်ထောင်စု (၁၂)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀၀၀၀၀)ကျပ်တို့ကိုလည်းကောင်း (၁၉-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။