ရခိုင်ပြည်နယ်၊ ငပလီမြို့နယ်မှ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငပလီမြို့နယ်၊ ဂေါ့ရပ်ကွက်နှင့် စပါးကြီးရပ်ကွက်မှ မာရသာမုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအား (၁၉-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ရာ အိမ်ထောင်စု (၂၀)စုစာ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်သိန်း (၂၀)ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး လေပြင်းဘေးသတိပေး လက်ကမ်း စာစောင် များဖြန့်ဝေခြင်းနှင့် လေပြင်းဘေး အသိပညာပေး ဟောပြောမှုများကို လည်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events