ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ခဲ့ရာ အိမ်ခြေ (၄၆)လုံး၊ ဘာသာရေးအဆောက်အဦ (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၄၉၀၀၀၀၀)ကျပ်ကို လည်းကောင်း၊ အိမ်ထောင်စု (၅၁)စုမှ လူဦးရေ (၂၂၄)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် ဆန်ရိက္ခာဖိုး (၄၇၀၄၀၀)ကျပ်ကိုလည်းကောင်း၊ ဒဏ်ရာရသူ (၃)ဦးအတွက် (၁၅၀၀၀၀) ကျပ်ကိုလည်းကောင်း ၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၅၂၀၄၀၀)ကျပ်အား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။