Author Archives: Department of Disaster Management

  • ဟိုပုံးမြို့အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်၊ နယ်မြေ (၄)မှ မီးဘေးသင့် အိမ်ထောင်စု(၁) စု၊ လူဦးရေ( ၂) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး( ၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး-( ၄၆,၁၅၃) ကျပ်၊ စုစုပေါင်း ( ၁၅၀,၃၅၃) ကျပ်တို့အား (၂၄-၁၂-၂၀၁၇) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်

    (၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် အမှတ်စဉ် (၁၀/၂၀၁၇) (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီ အချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “တမ်ဘင်” (Tembin)သည် ဗီယက်နမ်ကမ်းခြေကို (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဖြတ်ကျော်ဝင်ရောက်ပြီး၊ လေပွေလှိုင်းများအဖြစ် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါလေပွေလှိုင်းများ၏ အရှိန် ကြောင့် (၂၆-၁၂-၂၀၁၇) ရက်နေ့မှ (၂၈-၁၂-၂၀၁၇) ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် … Read more

  • ဟင်္သာတမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စု တာငုတ်ကျေးရွာတွင် (၁၉-၁၂-၂၀၁၇)၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၉) စု၊ လူဦးရေ (၂၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး -(၉) အိမ်ထောင်စာ (၇၃,၁၇၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး(၆၀,၉၀၀)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၁,၀၃၄,၀၇၀)ကျပ် တိတိကို (၂၂-၁၂-၂၀၁၇)ရက်နေ့တွင် ဟင်္သာတ ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ပန်းတောင်းမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ စွယ်တော်အုပ်စု၊ စွယ်တော်ကျေးရွာ၌ (၂၂-၁၂-၂၀၁၇) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀)၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀)၊ စုစုပေါင်း ထောက်ပံ့ ငွေ(၄၂၁,၀၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္ထူပုံးအပါ (၂) ပုံး ၊Family Kits (၂) ပုံးတို့အား (၂၃-၁၂-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှဝန်ထမ်းများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • ချောင်းဆုံမြို့နယ်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၂၂-၁၂-၂၀၁၇) ရက်နေ့၊(၁၀:၀၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ မရမ်းကျေးရွာ၌ကျေးရွာနေပြည်သူ (၂၀၀) ဦးအားလည်းကောင်း၊ (၁၁:၀၀)အချိန်တွင် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ၌ ကျေးရွာနေပြည်သူ(၂၀၀) ဦးအားလည်းကောင်း သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာအုပ်စု၊ ရေလယ်သောင်လေးကျေးရွာတွင် (၈-၁၂-၂၀၁၇)၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၄)စု၊ လူဦးရေ(၂၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး – (၄) အိမ် ထောင်စာ (၃၂၅၂၀)၊ အိမ်ဆောက်ပစ္စည်း ဖိုး(၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး(၄၄,၁၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေး ထောက်ပံ့ရန်ပုံငွေ (၄၇၆,၆၂၀) ကျပ်တိတိကို (၂၂-၁၂-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူ များသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေများ၊ အပူချိန်ကျဆင်းနေမှုများနှင့် စပ်လျဉ်း၍ ကွင်းဆင်းကြီးကြပ်စစ်ဆေးနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများသည် (၂၂.၁၂.၂၀၁၇) ရက်နေ့၊ ညနေ (၃း၃၀)နာရီအချိန်တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC) သို့ လာရောက်၍ မြန်မာနိုင်ငံတစ်ဝှမ်း လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေများ၊ လေဖိအားနည်းရပ်ဝန်းအခြေအနေများ၊ ငလျှင်အခြေအနေများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ အပူချိန်ကျဆင်းနေမှုများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ပါက အချိန်နှင့်တပြေးညီဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

  • မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၇)ရက်နေ့က မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာ၊ ဘုရားသိမ်၌  သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျောင်းသူ/သားများနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၁၀၆)ဦးတို့အား သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုဟောပြောခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကိုကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဗွီဒီယိုမှတ်တမ်းများပြသခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၁၇)ရက်နေ့က မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျောင်းသူ/ကျောင်းသားနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၁၀၁)ဦးအား သဘာဝဘေး နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုဟောပြောခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကိုကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဗွီဒီယိုမှတ်တမ်းများပြသခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events