ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ စွယ်တော်အုပ်စု၊ စွယ်တော်ကျေးရွာ၌ (၂၂-၁၂-၂၀၁၇) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀)၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀)၊ စုစုပေါင်း ထောက်ပံ့ ငွေ(၄၂၁,၀၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္ထူပုံးအပါ (၂) ပုံး ၊Family Kits (၂) ပုံးတို့အား (၂၃-၁၂-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှဝန်ထမ်းများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source : ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)