(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်
အမှတ်စဉ် (၁၀/၂၀၁၇)
(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီ အချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “တမ်ဘင်” (Tembin)သည် ဗီယက်နမ်ကမ်းခြေကို (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဖြတ်ကျော်ဝင်ရောက်ပြီး၊ လေပွေလှိုင်းများအဖြစ် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါလေပွေလှိုင်းများ၏ အရှိန် ကြောင့် (၂၆-၁၂-၂၀၁၇) ရက်နေ့မှ (၂၈-၁၂-၂၀၁၇) ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
(ခ) သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အချိန်အခါ မဟုတ်မိုးရွာခြင်း၊ မိုးထစ်ချုန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း များအား ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။