ချောင်းဆုံမြို့နယ်အတွင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

mm2

 

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၂၂-၁၂-၂၀၁၇) ရက်နေ့၊(၁၀:၀၀)နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ မရမ်းကျေးရွာ၌ကျေးရွာနေပြည်သူ (၂၀၀) ဦးအားလည်းကောင်း၊ (၁၁:၀၀)အချိန်တွင် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ၌ ကျေးရွာနေပြည်သူ(၂၀၀) ဦးအားလည်းကောင်း သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events