ဟင်္သာတမြို့နယ်အတွင်း ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စု တာငုတ်ကျေးရွာတွင် (၁၉-၁၂-၂၀၁၇)၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၉) စု၊ လူဦးရေ (၂၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး -(၉) အိမ်ထောင်စာ (၇၃,၁၇၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး(၆၀,၉၀၀)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၁,၀၃၄,၀၇၀)ကျပ် တိတိကို (၂၂-၁၂-၂၀၁၇)ရက်နေ့တွင် ဟင်္သာတ ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။

Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events