မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

22 pic_03

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၇)ရက်နေ့က မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာ၊ ဘုရားသိမ်၌  သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျောင်းသူ/သားများနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၁၀၆)ဦးတို့အား သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုဟောပြောခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကိုကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဗွီဒီယိုမှတ်တမ်းများပြသခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events