
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများသည် (၂၂.၁၂.၂၀၁၇) ရက်နေ့၊ ညနေ (၃း၃၀)နာရီအချိန်တွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC) သို့ လာရောက်၍ မြန်မာနိုင်ငံတစ်ဝှမ်း လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေများ၊ လေဖိအားနည်းရပ်ဝန်းအခြေအနေများ၊ ငလျှင်အခြေအနေများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ အပူချိန်ကျဆင်းနေမှုများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ပါက အချိန်နှင့်တပြေးညီဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။