Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးစေရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည် နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမ၌ သဘာဝဘေးလျော့ပါးစေရေးစေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်းကို (၂၂-၂-၂၀၁၈) ရက်နေ့မှ (၂၄-၂-၂၀၁၈) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံခန့်ခွဲမှု ဆိုင်ရာဝေါ်ဟာရများ၊ ဥပဒေများ၊ သဘာဝ ဘေးကြုံတွေ့သူတို့အတွက် လုပ်ဆောင်ရမည့် ရှေ့ဦးသူနာပြုစုခြင်းလုပ်ငန်းများ၊ ကျန်းမာရေး ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ မီးဘေးအန္တရာယ်အကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမျိုးမျိုးဖြစ်ပေါ်လျက်ရှိရာ ယင်းဘေးအန္တရာယ်များနှင့် ပြည်သူများကြုံတွေ့လာပါက မိမိတို့၏ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်မှုများနှင့် … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မိုင်းယုမြို့ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ ထေရဝါဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ (၂၅-၂-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ငလျင်လှုပ်နေစဉ် လိုက်နာရမည်အချက်များ၊ ရှောင်းရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရမည်အချက်များ၊ အရေးပေါ်ကယ်ထုတ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ငလျင်လှုပ်ခတ်မှုအပြီးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ငလျင်ဘေး၊ ရေဘေး၊ မုန် တိုင်းနှင့် လျှပ်စစ်စီးကူးမှုဆိုင်ရာအသိပညာပေးသရုပ်ဖော်ဇာတ်လမ်းများကိုပြသပေးခြင်း၊ ငလျင်ပြင်းထန်စွာ လှုပ်ခတ်ပြီးနောက် ပိတ်မိနေသောပြည်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း လူငယ်များက ကယ်ထုတ်ခြင်း၊ ထိခိုက်/ဒဏ်ရာရရှိသူများအား အရေးပေါ်ကယ်ထုတ်၍ … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၉-၂-၂၀၁၈) ရက်နေ့၌ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းကာ လမှာ (၁၉-၂-၂၀၁၈) မှ (၂၁-၂-၂၀၁၈) ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသားဦး ရေ စုစုပေါင်း (၃၀) ဦးတက် ရောက်ကြောင်းသတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)      

  • နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ထောက်ပံ့ပေးမှုသတင်း

        ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခန္တီးခရိုင်ဦးစီးမှူးရုံးမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၇-၂-၂၀၁၈) နေ့တွင် ပြောင်းရွှေ့တဲအိမ် (၉) လုံးအတွက် တစ်တဲလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၇၀,၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source : ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မကွေးမြို့နယ်၊ကြာကန်ကျေးရွာအုပ်စုတွင် ဝန်ကြီးဌာန၏ လှူဒါန်းငွေဖြင့် စက်ရေတွင်းသစ်ဖွင့်လှစ်ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    မကွေးတိုင်းဒေသကြီးဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည်(၁၇-၂-၂၀၁၈) ရက်နေ့၊ မကွေးမြို့နယ် ကြာကန်ကျေးရွာအုပ်စု၊ ဘုရားချောင်တဲတိုက်နှင့် ညောင်ပင်ချောင်တဲတိုက်ဝန်ကြီးဌာန၏ လှူဒါန်းငွေ(၁၄၈)သိန်းဖြင့် တူးဖော်ပြီးစီးသည့် စက်ရေတွင်းသစ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ စက်ရေတွင်း သစ်ဖွင့်ပွဲသို့ မကွေးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ချိုဆက်နှင့်ကျေးရွာလူထုတို့တက်ရောက်ကြပြီးရေအနက်ပေ(၈၅၀)တွင်ရေချိုထွက်ရှိသဖြင့် အိမ်ထောင်စု (၁၅၀) လူဦးရေ (၈၀၀)တို့ အတွက်သောက်သုံးရေဖူလုံစေကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events