မကွေးမြို့နယ်၊ကြာကန်ကျေးရွာအုပ်စုတွင် ဝန်ကြီးဌာန၏ လှူဒါန်းငွေဖြင့် စက်ရေတွင်းသစ်ဖွင့်လှစ်ပေးမှုသတင်း

mg3

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    မကွေးတိုင်းဒေသကြီးဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည်(၁၇-၂-၂၀၁၈) ရက်နေ့၊ မကွေးမြို့နယ် ကြာကန်ကျေးရွာအုပ်စု၊ ဘုရားချောင်တဲတိုက်နှင့် ညောင်ပင်ချောင်တဲတိုက်ဝန်ကြီးဌာန၏ လှူဒါန်းငွေ(၁၄၈)သိန်းဖြင့် တူးဖော်ပြီးစီးသည့် စက်ရေတွင်းသစ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ စက်ရေတွင်း သစ်ဖွင့်ပွဲသို့ မကွေးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်ချိုဆက်နှင့်ကျေးရွာလူထုတို့တက်ရောက်ကြပြီးရေအနက်ပေ(၈၅၀)တွင်ရေချိုထွက်ရှိသဖြင့် အိမ်ထောင်စု (၁၅၀) လူဦးရေ (၈၀၀)တို့ အတွက်သောက်သုံးရေဖူလုံစေကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events