ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၆-၂-၂၀၁၈) ရက်နေ့တွင် မြောင်းမြမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း ၌ ဌာနဆိုင်ရာများ၊ သင်တန်းသူ သင်တန်းသားများ ၊ စုစုပေါင်း လူဦးရေ (၄၅၀) ဦး တို့ဖြင့် သဘာဝဘေးလျော့ပါး အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)