Author Archives: Department of Disaster Management

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများကချင်ပြည်နယ်ရှိတိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ

    ၅.၅.၂၀၁၈၊ ကချင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် လူမှုရေး၀န်ကြီးဒေါက်တာသင်းလွင်နှင့်အတူ တာ၀န်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တန်ဖဲရွာတွင် ယာယီဖွင့်လှစ်ထားရှိသောတိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိကြပြီးနေရပ်စွန့်ခွာရောက်ရှိလာသောပြည်သူလူထုနှင့်တွေ့ဆုံကာရင်းရင်းနှီးနှီးအားပေးစကားပြောကြားပါသည်။ ပြည်ထောင်စု၀န်ကြီးက ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နေရပ်စွန့်ခွာလာရချိန်တွင် လိုအပ်သော စား၀တ်နေရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်အခက်အခဲများကိုဖြေရှင်းပေးရန်၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်၀န်ဆောင်မိခင်များနှင့် ကလေးများကိုပိုမိုအလေးထားစောင့်ရှောက်ရန်၊  ကူညီမှုများပေးအပ်လို၍ လာရောက်ခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများဒုက္ခခံစားနေရချိန်တွင် ထိရောက်စွာစောင့်ရှောက်နိုင်ရန် အရေးကြီးပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် လိုအပ်ချက်များကိုပွင့်ပွင့်လင်းလင်းတင်ပြရန် ပြောကြားခဲ့ပါသည်။ အင်ဂျန်းဒုံ၊ အင်ဂိုင်းကောင်နှင့် … Read more

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၈) ရက်နေ့ည (၁၉:၃၀) နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဝေါ်ဟေးရွာတွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)အိမ်၊ အိမ်ထောင်စု (၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၀) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀) နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာတန်ဖိုးငွေကျပ် (၁၈,၉၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၈,၉၀၀) အား (၅-၅-၂၀၁၈) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ငလျင်အသိပညာပေး ဟောပြောပို့ချမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၈)ရက်နေ့ နံနက် (၁၁:၀၀)နာရီမှ (၁၁:၃၀)နာရီအထိ ကျိုင်းတုံ မြို့နယ်၊ နွေရာသီ ဆရာ/ဆရာမများ မွမ်းမံသင်တန်းတွင် တက်ရောက်နေသူ (၁၀၇) ဦးအား ငလျင်အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လက်တွေ့သရုပ်ပြခြင်း၊ ဆရာ/ဆရာမများအား ပူးပေါင်းပါဝင်စေခြင်း၊ ငလျင်ပညာပေးဗွီနိုင်းပေးအပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာတွင် (၂-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၄) လုံးအတွက် Unicef Family Kit (၂၆) မျိုးပါ ပလပ်စတစ်ပုံး (၄)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုး (၄၀၀,၀၀၀/-)ကျပ်၊ အမိုးလန်နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀ိ/-)ကျပ်နှင့် လေဘေးသင့် လူဦးရေ (၄၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ … Read more

  • ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာတွင် စက်ရေတွင်းသစ် တူးဖော်လှူဒါန်းမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅ – ၅ -၂၀၁၈) ရက်နေ့တွင် ပေါက်မြိ့ုနယ် ကိုင်းလယ်ကျေးရွာတွင် ဝန်ကြီးဌာန၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်သော စက်ရေတွင်းသစ်ဖွင့်ပွဲ၌ စက်ရေတွင်းသစ်တူးဖော်လှူဒါန်းရခြင်းကိုရှင်းပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းဝင်း၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ စက်ရေတွင်းအသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ရေအနက်ပေ (၇၅၀) တွင် ရေချိုထွက်ရှိသဖြင့် အိမ်ထောင်စ ု(၂၄၀) စု၊ လူဦးရေ (၁၂၀၀) ဦးတို့အတွက် သောက်သုံးရေဖူလုံစေခြင်းကြောင့် ကျေးရွာနေပြည်သူတို့မှာ ကျေးဇူးတင်ဝမ်း သာလျက်ရှိပါကြောင်း သတင်းရရှိပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_drg#mgy_ may2018

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဘုန်းကြီးကုန်ကျေးရွာအုပ်စု ကန်သာယာကျေးရွာ၌ (၃ – ၅ -၂၀၁၈) ရက်နေ့တွင် မိုးကြိုးထိမှန်သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၄ – ၅ -၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သေဆုံးသူ၏ မိသားစုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)#ha_tls#ayy_ may2018

  • လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂) စုမှ ကျေးရွာခွဲ (၇၆) ရွာ၌ (၂၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄၂) လုံး၊ အမိုးလန်နေအိမ် (၂၇၈) လုံး၊ လူဦးရေ (၁၃၀၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂,၇၃၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၇၈) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၄၂) အိမ်ထောင်စုစာ တို့အား (၄-၅-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ … Read more

  • ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၁၈)နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်ရှိ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ ဘေးသင့်လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ်(၈,၄၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၈,၄၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာတို့အား (၃-၅-၂၀၁၈)ရက်နေ့ (၁၅:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may2018

  • ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၈)နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာတွင် အမိုးတစ်စိတ်တစ်ပိုင်းလန်နေအိမ် (၁)လုံး အတွက်(၁၀,၀၀၀) အားလည်းကောင်း၊ မရမ်းခုံကျေးရွာတွင် အမိုးလန်နေအိမ် (၁)လုံးအတွက် (၅၀,၀၀၀)၊ တစ်စိတ်တစ်ပိုင်းလန်နေအိမ် (၁)လုံးအတွက် (၂၀,၀၀၀) အားလည်းကောင်း၊ ညောင်ပင်ဝိုင်းကျေးရွာ မြန်မာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း သွပ်အမိုးလန်ခြင်းအတွက် (၃၀,၀၀၀) နှင့် ဘေးသင့်လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာ (၁)ဦးလျှင် (၂,၁၀၀) နှုန်းဖြင့် (၁၈,၉၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၂၈,၉၀၀)တို့အပြင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃)အိမ်ထောင်စာတို့အား (၂-၅-၂၀၁၈)နေ့(၁၅:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more

Sign Up

Upcoming Events