ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂) စုမှ ကျေးရွာခွဲ (၇၆) ရွာ၌ (၂၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄၂) လုံး၊ အမိုးလန်နေအိမ် (၂၇၈) လုံး၊ လူဦးရေ (၁၃၀၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂,၇၃၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၇၈) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၄၂) အိမ်ထောင်စုစာ တို့အား (၄-၅-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)#ha_sgw#ayy_ may2018