ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅ – ၅ -၂၀၁၈) ရက်နေ့တွင် ပေါက်မြိ့ုနယ် ကိုင်းလယ်ကျေးရွာတွင် ဝန်ကြီးဌာန၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်သော စက်ရေတွင်းသစ်ဖွင့်ပွဲ၌ စက်ရေတွင်းသစ်တူးဖော်လှူဒါန်းရခြင်းကိုရှင်းပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းဝင်း၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ စက်ရေတွင်းအသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ရေအနက်ပေ (၇၅၀) တွင် ရေချိုထွက်ရှိသဖြင့် အိမ်ထောင်စ ု(၂၄၀) စု၊ လူဦးရေ (၁၂၀၀) ဦးတို့အတွက် သောက်သုံးရေဖူလုံစေခြင်းကြောင့် ကျေးရွာနေပြည်သူတို့မှာ ကျေးဇူးတင်ဝမ်း သာလျက်ရှိပါကြောင်း သတင်းရရှိပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_drg#mgy_ may2018