လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား American Refugee Committee (ARC) in South East Asia အဖွဲ့မှလာရောက်တွေ့ဆုံ

5 pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား American Refugee Committee (ARC) in South East Asia မှ Regional Director ဖြစ်သူ Ms.Fifi Sabang ဦးဆောင် သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာဧည့်ခန်းမ၌ လာရောက် တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် American Refugee Committee (ARC) in South East Asia အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ လုပ်ငန်းဆောင်ရွက်ပြီး ကရင်ပြည်နယ်တွင် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီနေမှုများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ရခိုင်ပြည်နယ်တွင်ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှ မွေးဖွားသော အသက် (၂)နှစ်အောက်ကလေးငယ်များအား ငွေကြေးထောက်ပံ့ရေးအစီအစဉ်တွင် နည်းပညာနှင့် ဝန်ဆောင်မှုဆိုင်ရာ ကူညီပံ့ပိုးပေးနေမှုများ၊ (ARC)အနေဖြင့် နိုင်ငံတကာမှ အထောက်အပံ့များ ရယူ၍ ဝန်ကြီးဌာနအားကူညီပေးမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း လိုအပ်သောနေရာများ တွင် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်နိုင်ရန် စီမံချက်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေမှုများ၊ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်လုံခြုံရေး သည် ဝန်ကြီးဌာန၏ တာဝန်တစ်ရပ်ဖြစ်သည့်အလျောက် လူမှုကာကွယ် စောင့်ရှောက် ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံချက်တစ်ရပ်ချမှတ်ထားကာ လုပ်ငန်း(၈)ခု ပါဝင်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးဒေသများဖြစ်သော ချင်းပြည်နယ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ UEHRD ဖွဲ့စည်းတည်ထောင်၍ ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးပါသည့်အလျောက် ARC အနေဖြင့် ပိုမိုပူးပေါင်းကူညီနိုင်မည့် လုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။၄.၅.၂၀၁၈၊ နေပြည်တော် #h11#npw_ may2018

Sign Up

Upcoming Events