ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၈)နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာတွင် အမိုးတစ်စိတ်တစ်ပိုင်းလန်နေအိမ် (၁)လုံး အတွက်(၁၀,၀၀၀) အားလည်းကောင်း၊ မရမ်းခုံကျေးရွာတွင် အမိုးလန်နေအိမ် (၁)လုံးအတွက် (၅၀,၀၀၀)၊ တစ်စိတ်တစ်ပိုင်းလန်နေအိမ် (၁)လုံးအတွက် (၂၀,၀၀၀) အားလည်းကောင်း၊ ညောင်ပင်ဝိုင်းကျေးရွာ မြန်မာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း သွပ်အမိုးလန်ခြင်းအတွက် (၃၀,၀၀၀) နှင့် ဘေးသင့်လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာ (၁)ဦးလျှင် (၂,၁၀၀) နှုန်းဖြင့် (၁၈,၉၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၂၈,၉၀၀)တို့အပြင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃)အိမ်ထောင်စာတို့အား (၂-၅-၂၀၁၈)နေ့(၁၅:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။