Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၉.၅.၂၀၁၈ ) ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် ဆင်ပေါင်ဝဲမြို့နယ်၊ စည်တိုင်းကျေးရွာအုပ်စု၊ စည်တိုင်း (ရွာလယ်/ရွာသစ်) ကျေးရွာနှင့် မကြီးကုန်းလေးကျေးရွာတို့တွင် နေအိမ်(၇)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်(၁) လုံးမှာ ပြိုကျ ပျက်စီးခဲ့ပါသည်။ စုစုပေါင်းအိမ်ခြေ(၈) လုံး အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၉)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၃၉)ဦး အတွက်ဆန်ရိက္ခာဖိုး (၇)ရက်စာ ၈၁၉၀၀ိ/-၊ နေအိမ်(၈)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၈၁,၉၀၀) ကျပ်၊ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး-(၇) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး-(၁)အိမ်ထောင်စာတို့ကို (၁၂.၅.၂၀၁၈)ရက်နေ့တွင် … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ ဆူးဝင်း ကျေးရွာအုပ်စု၊ ကျောက်ခွက်ကျေးရွာတွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ ဘေးသင့်လူဦးရေ(၂၁)ဦး ဘေးသင့်ခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၄၄,၁၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ စုစုပေါင်း (၇၄၄,၁၀၀) (ကျပ်ခုနှစ်သိန်း လေးသောင်းလေးထောင့်တစ်ရာတိတိ) တို့အား (၁၂-၅-၂၀၁၈) ရက်နေ့တွင် မြိုင်မြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် ဌာနဆိုင်ရာများ၊ အနာဂတ်အလင်း … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၉-၅-၂၀၁၈) ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု (၂)စု၊ ကျေးရွာ (၄)ရွာတို့တွင် နေအိမ်(၄၁)လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း အမိုး လန်ပျက်စီးခဲ့ပြီး နေအိမ်(၅)လုံးမှာ ပြိုကျပျက်စီးခဲ့ပါသည်။ စုစုပေါင်းအိမ်ခြေ(၄၆) လုံး၊ အိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၁၆၈)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၁၆၈)ဦး အတွက်ဆန်ရိက္ ခာဖိုး (၇)ရက်စာ (၃၅၂,၈၀၀)ကျပ်၊ နေအိမ်(၄၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၂၁၀,၀၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀) ကျပ်၊ ရန်ပုံငွေ စုစုပေါင်း (၁,၈၆၂,၈၀၀) ကျပ်၊ကယ်ဆယ်ရေး … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်ခရိုင်အတွင်း (၉-၅-၂၀၁၈)နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးသင့် အမိုးလန်အိမ်(၃)လုံးနှင့် ဓမ္မာရုံ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀,၀၀၀)ကျပ်အား မိုးမိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခရိုင် အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ တို့နှင့််အတူ (၁၂-၅-၂၀၁၈) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းနှင့် မဘိမ်းမြို့နယ် လေဘေးသင့် အမိုးလန်နေအိမ် (၈) လုံးနှင့် ပြိုကျနေအိမ်(၂)လုံးအတွက် ထောက်ပံ့ငွေ (၆၉၄,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ထောင်စု(၂)စုစာအား မဘိမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #shn_may2018

  • ငလျင်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၈) ရက်နေ့တွင် မော်လိုက်မြို့ အ.ထ.က စုံညီခန်းမတွင် မွမ်းမံသင်တန်းနည်းပြနှင့် ဆရာ /ဆရာမပေါင်း (၂၀၇)ဦးအား ငလျင်အသိပညာပေး ဆွေးနွေးပွဲနှင့် အစမ်းလေ့ကျင့်မှုဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)   #ar #sgg_may2018      

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အလှူငွေလက်ခံခြင်းနှင့် မြန်မာလက်သင်္ကေတပြ ဘာသာစကား စံသတ်မှတ်ခြင်း ကိစ္စရပ်များဆွေးနွေးမှုသတင်း

        ၁၃.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆၄) ကမ္ဘာအေးဘုရား လမ်းနှင့် ပါရမီလမ်းထောင့်ရှိ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးတွင် ကျင်းပသည့် ကချင်ပြည်နယ်၊ တိုက်ပွဲရှောင်စခန်းများရှိ မိခင်နှင့်ကလေးများအတွက် မောင်ဘုန်းမြတ်သားထူး၏ တစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်  မိဘ၊ ဆွေမျိုးမိတ်ဆွေများ စုပေါင်း၍ အလှူငွေ ကျပ် (၂၅) သိန်းတိတိအား လာရောက်လှူဒါန်းရာ … Read more

  • ကျွန်းလှမြို့နယ်၊ ကျေးရွာ(၉)ရွာအတွင်း လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

        ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျွန်းလှ မြို့နယ်၊ ကျေးရွာ(၉)ရွာအတွင်းရှိ (၉-၅-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခံရသော လူနေအိမ် အမိုးလန်(၃၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၇၀,၀၀၀)ကျပ်တို့ကို(၁၁-၅-၂၀၁၈) ရက်နေ့တွင် ကျွန်းလှမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #sgg_may2018

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ သပြေ ကန်ကျေးရွာအုပ်စု၊ သပြေကန်ကျေးရွာတွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန် ပျက်စီးခဲ့သော အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၀,၅၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၅၀,၀၀၀) ကျပ်အား (၁၂-၅-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #rke_may2018

Sign Up

Upcoming Events