ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၉-၅-၂၀၁၈) ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု (၂)စု၊ ကျေးရွာ (၄)ရွာတို့တွင် နေအိမ်(၄၁)လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း အမိုး လန်ပျက်စီးခဲ့ပြီး နေအိမ်(၅)လုံးမှာ ပြိုကျပျက်စီးခဲ့ပါသည်။ စုစုပေါင်းအိမ်ခြေ(၄၆) လုံး၊ အိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၁၆၈)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၁၆၈)ဦး အတွက်ဆန်ရိက္ ခာဖိုး (၇)ရက်စာ (၃၅၂,၈၀၀)ကျပ်၊ နေအိမ်(၄၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၂၁၀,၀၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀) ကျပ်၊ ရန်ပုံငွေ စုစုပေါင်း (၁,၈၆၂,၈၀၀) ကျပ်၊ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး-(၄၁) အိမ်ထောင်စာနှင့် ကယ်ဆယ် ရေးပစ္စည်း(၁၅)မျိုး-(၅)အိမ်ထောင်စာတို့ကို (၁၂-၅-၂၀၁၈) ရက်နေ့တွင် မင်းလှမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2018