ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်ခရိုင်အတွင်း (၉-၅-၂၀၁၈)နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးသင့် အမိုးလန်အိမ်(၃)လုံးနှင့် ဓမ္မာရုံ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀,၀၀၀)ကျပ်အား မိုးမိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခရိုင် အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ တို့နှင့််အတူ (၁၂-၅-၂၀၁၈) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းနှင့် မဘိမ်းမြို့နယ် လေဘေးသင့် အမိုးလန်နေအိမ် (၈) လုံးနှင့် ပြိုကျနေအိမ်(၂)လုံးအတွက် ထောက်ပံ့ငွေ (၆၉၄,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ထောင်စု(၂)စုစာအား မဘိမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#shn_may2018