ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အလှူငွေလက်ခံခြင်းနှင့် မြန်မာလက်သင်္ကေတပြ ဘာသာစကား စံသတ်မှတ်ခြင်း ကိစ္စရပ်များဆွေးနွေးမှုသတင်း

 

 

13_Pic_05

13_Pic_066

၁၃.၅.၂၀၁၈၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆၄) ကမ္ဘာအေးဘုရား လမ်းနှင့် ပါရမီလမ်းထောင့်ရှိ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးတွင် ကျင်းပသည့် ကချင်ပြည်နယ်၊ တိုက်ပွဲရှောင်စခန်းများရှိ မိခင်နှင့်ကလေးများအတွက် မောင်ဘုန်းမြတ်သားထူး၏ တစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်  မိဘ၊ ဆွေမျိုးမိတ်ဆွေများ စုပေါင်း၍ အလှူငွေ ကျပ် (၂၅) သိန်းတိတိအား လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာနည်းပညာဆိုင်ရာကျွမ်းကျင်သူ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံကာ နားမကြားသောကလေးများအတွက် မြန်မာ လက်သင်္ကေတပြဘာသာစကား စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး ပြန့်ပွားအောင် အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများ လွယ်လင့်တကူ လေ့လာနိုင်သော  Website နှင့် Mobile Application များ ဖန်တီးထားခြင်း၊ Facebook Page မှတဆင့်ပြည်သူလူထု ဝင်ရောက်လေ့လာနိုင်ရန် စီစဉ်ထားရှိခြင်း၊ မြန်မာ လက်သင်္ကေတပြ စံဘာသာစကားအား နားမကြားကျောင်းများအားလုံး တစ်ပြေးညီ အသုံးပြုနိုင်ရေးနှင့် အဆိုပါ ဘာသာစကားလေ့လာမှုအား ပိုမိုအသုံးပြုလာနိုင်စေရန် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အောင်မြင်အောင် ဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ် များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1

#ygn_may2018

Sign Up

Upcoming Events