ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ ဆူးဝင်း ကျေးရွာအုပ်စု၊ ကျောက်ခွက်ကျေးရွာတွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ ဘေးသင့်လူဦးရေ(၂၁)ဦး ဘေးသင့်ခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၄၄,၁၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ စုစုပေါင်း (၇၄၄,၁၀၀) (ကျပ်ခုနှစ်သိန်း လေးသောင်းလေးထောင့်တစ်ရာတိတိ) တို့အား (၁၂-၅-၂၀၁၈) ရက်နေ့တွင် မြိုင်မြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် ဌာနဆိုင်ရာများ၊ အနာဂတ်အလင်း ရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးရဲထွဋ်တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်၊၊
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#mgy_may2018