၁၂.၅.၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကယားပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ (၁၂-၅-၂၀၁ဂ)ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာတောင်တော်၊ တောင်ကွဲစေတီသို့ သွားရောက်ဖူးမျှော်ခဲ့ကာ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး ရွှေတောင်ပရိယတ္တိစာသင်တိုက် နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကျင်းပပြုလုပ်သည့် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရည်ရွယ် ဆောင်ရွက် သည့် မသန်စွမ်းသူများနှင့် အမျိုးသမီးအိမ်ထောင်ဦးစီးများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက ယခုအစိုးသစ်လက်ထက်၌ တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ပြည်နယ်များဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးကြိုးပမ်းမှုသည် အရေးပါကြောင်း၊ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ရာတွင် ပြည်သူ့အင်အားသည် အဓိကကျပါကြောင်း၊ ငြိမ်းချမ်းရေးရရှိပါက ယခုလက်ရှိဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ခြင်းထက် အဆပေါင်းများစွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါ ကြောင်း၊ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်စဉ်ကာလအတွင်း ပဋိပက္ခမြောက်မြားစွာကြောင့် ပြည်သူလူထု ထိခိုက်မှုဖြစ်စဉ်များ ကြုံတွေ့ခဲ့ရပါကြောင်း၊ ထိုဖြစ်စဉ်များတွင် မိုင်းကြောင့် မသန်စွမ်းဖြစ်ခဲ့ရသည့် အခြေအနေများရှိခဲ့ပါကြောင်း၊ မသန်စွမ်းများသည် မသန်သော်လည်း စွမ်းနေကြသူများ ဖြစ်သည့် အတွက် ၄င်းတို့၏အစွမ်းကို ပံ့ပိုးကူညီပေးပါက ဘဝရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုစွမ်းဆောင် လာနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီး များသည် အရေးပါသောကဏ္ဍမှ ပါ၀င်လျက်ရှိပြီး အမျိုးသမီးများက ဦးဆောင်နေရသည့် အိမ်ထောင်စုများတွင် အခက်အခဲများစွာရင်ဆိုင်နေရသဖြင့် ပံ့ပိုးမှုပြုရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဒီးမော့ဆိုမြို့နယ်တွင် မသန်စွမ်းသူ များအတွက် ထောက်ပံ့ကြေးငွေ (၂၄၅)သိန်းနှင့် အမျိုးသမီးအိမ်ထောင်ဦးစီးများအတွက် ထောက်ပံ့ကြေး ငွေ(၁၆၈)သိန်းတို့အား ပေးအပ်ထောက်ပံ့ခဲ့ပြီး ဒေသခံတိုင်းရင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတက်ရောက်လာကြသော ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖရူဆိုမြို့နယ်၊ မြို့နယ်ခန်းမတွင် ကျင်းပ ပြုလုပ်သည့် မသန်စွမ်းသူများနှင့် အမျိုးသမီးအိမ်ထောင်ဦးစီးများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားကာ မသန်စွမ်းသူများ အတွက် ထောက်ပံ့ကြေးငွေ (၉၈)သိန်းနှင့် အမျိုးသမီးအိမ်ထောင်ဦးစီးများအတွက် ထောက်ပံ့ ကြေးငွေ(၇၇၄)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထိုသို့ ထောက်ပံ့ခြင်းများအတွက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ ဖရူဆိုမြို့နယ်တွင် အသစ်တည်ဆောက်မည့်လူမှုဝန်ထမ်းဦးစီးဌာနရုံး မြေနေရာနှင့် ဒီးမော့ဆိုမြို့မူလတန်းကြိုကျောင်း တည်ဆောက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှု ခဲ့ပြီး မူလတန်းကြိုကျောင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လွိုင်ကော်မြို့ မူလတန်းကြိုကျောင်းတွင် အရပ်ဘက်အဖွဲ့အစည်း(၁၄)ခုနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီက အစိုးရအနေဖြင့် ပြည်သူ့ အကျိုးဖေါ်ဆောင်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများသည် ငွေကြေးခွဲဝေသုံးစွဲရာတွင် ပြည်သူ့အတွက် တိုက်ရိုက်အကျိုးရှိမည့် ပမာဏကို အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဆောင်ရွက်မှု များ မထပ်အောင်နှင့် ထိရောက်အောင် ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာ များနှင့်ညှိနှိုင််း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်လူမှုရေး ၀န်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ရှာတော မြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်မြို့နယ်၊ မယ်စဲ့မြို့နယ်များအတွင်းရှိ ပြည်သူများအတွက် မိခင်ဝိုင်းများ ဖွင့်လှစ်မည့်ကိစ္စတွေ့ဆုံဆွေးနွေးခြင်းနှင့် မသန်စွမ်းများ၊ အမျိုးသမီးအိမ်ထောင်ဦးစီးများအား ထောက်ပံ့ ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စု ၀န်ကြီးက ရှေးဦးအရွယ် ကလေးသူငယ်များကို စနစ်တကျပျိုးထောင်ခြင်းသည် အနာဂါတ် နိုင်ငံတော်အတွက် အမြတ်ရမည့် ရင်းနှီးမြုတ်နှံမှုဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ(၁၁၆)သိန်း၊ အမျိုးသမီး အိမ်ထောင်ဦးစီးများအတွက် ထောက်ပံ့ကြေးငွေ(၁၉၃)သိန်း၊ မိခင်ဝိုင်းများ တိုးချဲ့ ဆောင်ရွက်ရန်အတွက် (၉.၇)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ကယားပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ထောက်ပံ့ငွေကျပ် စုစုပေါင်းမှာ (၁၃၁,၇၈၈,၁၀၀) ဖြစ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံကာ ကယားပြည်နယ်အတွင်း ငြိမ်းချမ်းမှုရရှိရေးကို အထောက်အကူပြုမည့် ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မူဝါဒများ၊ လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားခဲ့ရာ ဒုတိယဝန်ကြီး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဌာနအလိုက် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ထို့နောက် ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးအသစ် တည်ဆောက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။
Soure: MSWRR
#hl1_ha
#kyh_may2018